Back to top

(၁၃)ကြိမ်မြောက် ပန်းချီ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ သဘင် စင်တင်တင်ဆက်ပွဲ

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၏ (၁၃)ကြိမ်မြောက် ပန်းချီ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ သဘင် စင်တင်တင်ဆက်ပွဲ ကျောင်းဆင်း စွမ်းရည်ပြအခမ်းအနားကို ယနေ့နေ့လယ် (၁၃းဝဝ)နာရီတွင်အမျိုးသားဇာတ်ရုံ၌ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုနှင့်ဇနီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး တိုင်းဒေသကြီးဝန်ကြီးများ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ ဖိတ်ကြားထား သည့် ဌာနဆိုင်ရာအကြီးအကဲပုဂ္ဂိုလ်များ ပညာရှင် များ ကျောင်းသား/သူများ၏မိဘများ ဆရာ/မများ နှင့်ကျောင်းသား/သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။